Local News

မန္တလေးကုန်စည်ဒိုင် သို့သပိတ်ကျင်းနှမ်းအသစ်များဝင်ရောက်၊ ကထိန်ရာသီဖြစ်၍အရောင်းအေးဈေးအေးနေ

Last Updated:

မန္တလေးကုန်စည်ဒိုင်သို့ သပိတ်ကျင်း၊ ကြာညှက်၊ တကောင်းဘက်မှ နှမ်းအသစ်များဝင်ရောက် နေပြီးအရောင်း ဝယ်အေးဈေးအေးနေကြောင်းသိရသည်။ နှမ်းဖြူမှာယခင်တစ်ပတ်ထက် ဈေးမြင့်လာသော်လည်း ယခင်လထက် ဈေးနိမ့်နေသည်။ နှမ်းညို နှင့် နှမ်းနက်(စမုံ)မှာ အနိမ့်ဈေးဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်းသိရသည်။

      နှမ်းဖြူ(ရိုးရိုး)၄၅ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ်ကျပ် ၂၇၅၀၀၀ မှ ၂၈၅၀၀၀၊ ယခင်တစ်ပတ်ကျပ် ၂၇၀၀၀၀၊ယခင်လကျပ် ၃၀၀၀၀၀မှ ၃၀၅၀၀၀ဖြစ်သည်။ယခင်တစ်ပတ်ထက်ကျပ် ၁၅၀၀၀မြင့်တက်လာပြီး၊ယခင်လ ထက်ကျပ် ၂၀၀၀၀ မှ ၂၅၀၀၀နိမ့်ကျလာသည်။

    နှမ်းညို၄၅ပိဿာဝင်သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ်ကျပ် ၂၃၀၀၀၀မှ ၂၃၅၀၀၀၊ ယခင် တစ်ပတ်ကျပ် ၂၃၀၀၀၀မှ ၂၃၅၀၀၀၊ယခင်လကျပ် ၂၅၈၀၀၀မ ှ၂၆၀၀၀၀ဖြစ်သည်။ ယခင်တစ်ပတ် အတိုင်းဈေးငြိမ်နေပြီး၊ ယခင်လထက်ကျပ် ၂၅၀၀၀ မှ ၂၈၀၀၀နိမ့်ကျလာသည်။               

       နှမ်းနက်(စမုံ)၄၅ပိဿာဝင်သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ် ကျပ် ၂၄၀၀၀၀ မှ ၃၀၀၀၀၀၊ ယခင်တစ်ပတ်ကျပ် ၂၄၅၀၀၀ မှ ၃၀၀၀၀၀၊ယခင်လကျပ် ၂၇၀၀၀၀ မှ ၃၅၀၀၀၀ ဖြစ်သည်။ယခင်တစ်ပတ်ထက်ကျပ် ၅၀၀၀၊ ယခင်လထက် ကျပ် ၃၀၀၀၀ မှ ၅၀၀၀၀ နိမ့်ကျလာသည်။

     မန္တလေးကုန်စည်ဒိုင်သည် ကထိန်အလှူကိုအကြောင်းပြု၍ ဖြစ်ပေါ်လာသည့် ကုန်စည်ဒိုင်ဖြစ်၍ နှစ်စဉ် ကထိန်ရာသီတွင် အရောင်းအဝယ်အေးလေ့ရှိသည်။ လတ်တလောတွင် ပြည်ပတင်ပို့မှု အေးနေခြင်းသည်လည်း ဈေးအေးခြင်း အကြောင်းတစ်ခုဖြစ်ကြောင်းသိရသည်။

ရတနာပုံကုန်သွယ်မှုဗဟိုဌာန

Category: Local News